ရေကြည်မြို့နယ်တွင် ဇူလိုင် ၃၀ ရက်က အသက် ၆၅ နှစ်နဲ့အထက် ဘိုးဘွား ၆၅၀ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။
ကာကွယ်ဆေးကို အ.ထ.က(ငါးသိုင်းချောင်း)၊ အ.ထ.က(အသုတ်)၊ အ.ထ.က(ကုန်းပြင်)၊ အ.ထ.က(ကမ်းနီ)ကျောင်းတွေမှာ ထိုးနှံပေးခဲ့ပြီး ဇူလိုင် ၃၁ ရက်မှာတော့ ရေကြည်ပြည်သူ့ ဆေးရုံမှာ ဆက်ပြီးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
လတ်တလော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာတွေကို ရေကြည်၊ အသုတ်၊ ကုန်းပြင်၊ ကမ်းနီနဲ့ ငါးသိုင်းချောင်းတိုက်နယ် ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။
ဇူလိုင် ၃၀ ရက်အထိ ရေကြည်မြို့နယ်အတွင်း ပိုးတွေ့ရှိသူ ၆၆၉ ဦး ရှိပြီး သေဆုံးသူ ၂၂ ဦး ရှိနေပါတယ်။