ရန်ကုန်မြို့တွင်း လမ်းမတော်မြို့နယ်နဲ့ လသာမြို့နယ်အပါအဝင် နေရာတော်တော်များများမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက လမ်းတွေမှာ ကြိုးတားပိတ်ပြီး ကားတွေကို လှည့်ပြန်ခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဇူလိုင် ၃၀ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က စပြီး ဝါးတန်းလမ်း၊ ဗိုလ်ချုပ်လမ်းဆုံ၊ လသာမီးပွိုင့်တို့ကိုလည်း လေးဘက်လေးတန်ကို အတားအဆီးတွေ ပိတ်ထားပြီး လမ်းမတော် ဗိုလ်ချုပ်လမ်းမှ ရွှေတိဂုံဘုရားလမ်းအထိ လည်းပိတ်ထားကာ မောင်းနှင်လာတဲ့ကားတွေကို ပြန်လှည့်ခိုင်းနေတာပါ။
မြို့မကျောင်းလမ်းဘက်မှာလည်း လမ်းပိတ်ထားသလို သခင်မြပန်းခြံဘက်မှာလည်း ကားအသွားအလာတွေ တားဆီးထားပါတယ်။
ဘာကြောင့် ခုလို လမ်းတွေပိတ်ထားတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။