Home
မြန်မာသတင်း
စက်ရုံလုပ်သား ၉၀ ခန့် ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ထိုင်းသကြားစက်ရုံ ပိတ်ထားရ
DVB
·
July 28, 2021
c1_2156163_210728105502

ထိုင်းနိုင်ငံ၊ ဖက်ချာဘွန်ခရိုင်ထဲက သကြားစက်ရုံတခုမှာ စက်ရုံလုပ်သား ၉၀ လောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာကြောင့် စက်ရုံကို သီတင်းပတ် ၁ ပတ်ကြာ ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ပါတယ်။

Thai Roong Ruang Industry ကုမ္ပဏီပိုင် အဆိုပါ စက်ရုံဟာ ဆီသက်ပ်ဒေသ တွင်းမှာ တည်ရှိတာဖြစ်ပြီး ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေက စက်ရုံလုပ်သားတွေမှာ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ချိန်မှာ ခုလိုပိတ်သိမ်းဖို့ ဖြစ်လာခဲ့တာပါ။

 လတ်တလောမှာတော့ ခရိုင်ကူးစက်ရောဂါဆိုင်ရာကော်မတီက အဆိုပါစက်ရုံကို လာမယ့် ဩဂုတ် ၂ ရက်နေ့အထိ သီတင်း ၁ ပတ်ကြာပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားခဲ့ ပြီး ရောဂါကူးစက်ခံရတဲ့ စက်ရုံလုပ်သားတွေကို ဆီသက်ပ်ဆေးရုံမှာ ဆေးကုသမှုခံယူ တာ၊ နေအိမ်ကွာရန်တင်းထားရှိတာတွေ လုပ်ဆောင်စေဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

       သိပ်မကြာသေးခင်ကလည်း မြန်မာလုပ်သားတွေ အများစု လုပ်ကိုင်နေကြတဲ့ ကြက်သားစက်ရုံတရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃,၄၈၁ ယောက် စစ်ဆေးတွေ့ရှိခဲ့ရ ပါတယ်။       ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ လတ်တ လောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅၄၃,၃၆၁ ယောက်နဲ့ သေ ဆုံးသူ စုစုပေါင်း ၄,၃၉၇ ယောက်ထိ ရှိနေပြီး ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့် ဆုံးအဆင့် ၄၅ နေရာမှာ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013