Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တာဝန်နှင့်နာရေးမှလွဲပြီး နေအိမ်ပြင်ပထွက်သူများကို အရေးယူမည်ဟု အမိန့်ထုတ်
DVB
·
July 26, 2021
219922825_1150799385404403_8630113067047953206_n

ဧရာဝတီတိုင်းမှာ ဇူလိုင်လ ၂၆ ရက်နေ့ကစတင်ပြီး အလုပ်တာဝန်နဲ့ နာရေးကိစ္စကလွဲပြီး နေအိမ်ပြင်ပသွားလာနေသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၂၅ ရက်နေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းအတွင်း မြို့နယ်အသီးသီးက စျေးတွေမှာရှိတဲ့ အခြေခံစားသောက်ကုန်ရောင်းချတဲ့ ဆိုင်တွေနဲ့ ဆေးဆိုင်တွေကလွဲပြီး ကျန်တဲ့ဆိုင်တွေ ပိတ်ထားဖို့ဆိုတဲ့ အချက်လည်း ထည့်သွင်းထားတာတွေ့ရပါတယ်။

ဒါ့ပြင် ပါဆယ်စနစ်နဲ့ရောင်းချနေတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးဆိုင်တွေနဲ့ အိမ်ဆိုင်တွေအပြင် ဆံပင်ညှပ်ဆိုင်၊ စတိုးဆိုင်နဲ့ အလှပြင်ဆိုင်တွေကိုပါ မနက် ၆ နာရီကနေ မွန်းတည့် ၁၂ နာရီထိသာ ဖွင့်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ခုထုတ်တဲ့အမိန့်ဟာ အောက်စီဂျင်ရှာသူတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေအတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

တာဝန်နဲ့နာရေးကလွဲပြီး နေအိမ်ပြင်ပမသွားလာဖို့နဲ့ ဆေးဆိုင်နဲ့ အခြေခံစားသုံးကုန်တွေကလွဲပြီး ကျန်တဲ့ဆိုင်တွေမဖွင့်ဖို့ကို နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က လက်မှတ်ထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024