ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင် ၂၄ ရက်နေ့က အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ညနေ ၆ နာရီခွဲလောက်မှာ ရုံးဘေးလမ်းကြားကနေ ဗုံးပေါက်ကွဲခဲ့တာဖြစ်ကြီး ၁ မိုင်ပတ်လည်လောက်က နေအိမ်တွေပါ တုန်ခါမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အမှတ် ၈ ရပ်ကွက်နေဒေသခံ ၁ ဦးက "ရုံးဘေးလို့ကြားတယ်၊ အသံလည်းကျယ်တယ်၊ မြေကြီးတွေပါ တုန်သွားတာ။ ထိခိုက်မှုရှိ မရှိတော့ မသိရသေးဘူး'' လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ အမှတ် ၈ ရပ်ကွက်ရုံးနားကို တဂေါင်းဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူထိခိုက်သေဆုံးမှုရှိ မရှိဆိုတာကိုတော့ အတည်အကျမသိရသေးပါဘူး။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ၈ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။