မကွေးမြို့မှာ ဇူလိုင် ၂၃ ရက်နေ့က သံဃာတော်တစ်ပါးအပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ယောက်သေဆုံးခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
သင်ကြားရေးဆေးရုံမှာ တက်ရောက်ကုသနေတဲ့ သံဃာတော် ၁ ပါး၊ မကွေးတိုင်းဆေးရုံက ၂ ယောက်၊ အောင်စေတနာရပ်ကွက်က ၂ ယောက်၊ အောင်မေတ္တာရပ်ကွက်က ၁ ယောက်၊ ရန်နိုင်ရပ်ကွက်က ၁ ယောက်၊ ဆုံရပ်က ၁ ယောက်နဲ့ ပြည်တော်သာအိမ်ရာ က ၁ ယောက်သေဆုံးခဲ့တာဖြစ်ပြီး မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ပရဟိတ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
သေဆုံးခဲ့တဲ့သူအများစုဟာ ကိုဗစ်ရောဂါကို ပြင်းထန်စွာခံစားရပြီးတော့ အောက်စီဂျင် ပြတ်လပ်တာကြောင့် အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
မကွေးတိုင်းဆေးရုံကြီးမှာ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တာကြောင့် အရေးပေါ်လူနာလောက်သာ လက်ခံကုသပေးနေပြီး တစ်ချို့ပိုးတွေလူနာတွေကို နေအိမ်မှာဘဲပြန်နေခိုင်းတယ်လို့ ပရဟိတအဖွဲ့ဝင်က ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ဇူလိုင် ၂၃ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈,၀၆၆ ယောက်နဲ့ သေဆုံးသူ ၁၅၀ ရှိပြီလို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံအယ်လ်ဘမ်ထည့်ပေးပါ