Home
မြန်မာသတင်း
သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
July 23, 2021
218653717_1660917007572561_3231087058873657095_n

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ ဇူလိုင် ၂၃ ရက်နေ့ မနက် ၉ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီခန့် ဒူးရင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမင်းဟာ နေအိမ်ရှိ ဈေးဆိုင်မှာ ဈေးထွက်ရောင်းစဉ် ဈေးလာဝယ်တဲ့ အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်လာရောက်ပြီး ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၆ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးလှမင်းဟာ သေနတ် ၁၀ ချက်နီးပါး ပစ်ခတ်ခံခဲ့ရပြီး အခင်းဖြစ်ရာ နေရာမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး သေဆုံးပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက သထုံမြို့နယ်နေရာအချို့မှာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

သထုံမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024