ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးဖြစ်တဲ့ ဆရာမတ ယောက်ဟာ ဇူလိုင် ၂၀ ရက်ညပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အသက် ၃၉ နှစ်အရွယ် ဖောင်ဖတ် ဆက်ထဆိုဖွန်အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ တရုတ်ထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ဒုတိယအကြိမ်အဖြစ် AstraZeneca ကာကွယ်ဆေး ထိုးနှံခဲ့ပြီးသူ ဖြစ်တယ်လို့ သိရပါတယ်။
သတင်းပေးချက်အရ မောင်ခရိုင်ရဲတွေ နေအိမ်ကို ရောက်ရှိလာခဲ့ချိန်မှာတော့ သူဟာ လွန်ခဲ့တဲ့ ၃ နာရီလောက်ကတည်းက သေဆုံးနှင့်နေခဲ့ပြီဖြစ်တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဆက်ခ်ဆစ် ဒူဂျ်ဝန်ကတော့ သူတို့ ဇ နီးမောင်နှံ ၂ ယောက်လုံးဟာ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးသူတွေဖြစ်ကာ ပြီးခဲ့တဲ့ ဇူ လိုင် ၁၉ ရက်ညပိုင်းမှာတော့ ဇနီးဖြစ်သူက ခေါင်းကိုက်ပြီး အအေးမိရောဂါလက္ခဏာတွေ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် နောက်တရက်မှာတော့ သက်သာသွားခဲ့ပြီး ညပိုင်း ၇ နာရီလောက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဇနီးဖြစ်သူရဲ့ ရုပ်အလောင်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး ဒီသေဆုံးမှုကြောင့် ထိုင်းနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးစနစ်နဲ့ ကာကွယ်ဆေးတွေအပေါ် လုံးဝအယုံအကြည်မရှိတော့ဘူးလို့ သူက ပြောပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ် -၁၉ ရောဂါကူးစက်ခံရသူ ၄ သိန်း ကျော်၊ သေဆုံးသူ ၃,၅၀၀ ကျော်နဲ့ အာဆီယံဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှုအမြင့်ဆုံး ၅ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။