Home
မြန်မာသတင်း
တိုက်ပွဲအကြိမ် ၂၀ ကျော်အတွင်း စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင် သုတ်သင်နိုင်ခဲ့ဟု မင်းတပ် PDF ထုတ်ပြန်
DVB
·
July 20, 2021
178103738_106731951562792_749612702201057932_n

အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲအကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကား ၆ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့တယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် (CDF-Mindat) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က "We Support NUG" ဆိုတဲ့ စာတန်းကပ်သပိတ် ပြု လုပ်သူတွေကို ဖမ်းဆီးချိန်မှာ အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်ရာကစတင်ပြီး စစ်ကောင် စီတပ်တွေနဲ့  မင်းတပ်ပြည်သူ့ကာကွယ်ရေးတို့ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့တာပါ။

အဲဒီအချိန်ကစ ဇွန် ၈ နေ့အထိ ၄၅ ရက်တာကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲအကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း  အာဏာရှင်အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စစ်မြေပြင်မှာ အသက်ပေးသွားကြတဲ့ ရဲဘော်အာဇာနည်တွေလည်း ရှိခဲ့ပြီး ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာ ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

ချင်းပြည်နယ်၊  မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ မင်းတပ်မြို့မှာ  စစ်ကောင်စီတပ်တွေက နိုင် ငံတကာဥပဒေတွေကို ချိုးဖောက်ကျူးလွန်နေတဲ့ ပြစ်မှုတွေကို နိုင်ငံတကာစစ်ခုံရုံးမှာ တိုင်ကြားသွားမှာဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူညီတွေ ရရှိနိုင်ဖို့ ကူညီသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024