မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစန်းလွင်ရဲ့ နေအိမ်ရှေ့မှာ ဇူလိုင် ၁၇ ရက် ည ၁၀ နာရီကျော်က လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
အဆိုပါ လက်လုပ်ဗုံးကို အုပ်ချုပ်ရေးမှူးရဲ့ အိမ်ဝင်းနားမှာ လာချိတ်ထားတာဖြစ်ပြီး မပေါက်ကွဲခင် သုံးရက်လောက်အလိုကတည်းက လက်လုပ်ဗုံးကိုတွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်လုပ်ဗုံးကို တွေ့ပြီးနောက် စစ်တပ်က စစ်ကားတွေနဲ့ လာရောက်ကြည့်ရှုခဲ့ပေမယ့် ရှင်းလင်းပေးတာမရှိဘူးလို့ သိရပါတယ်။
ပေါက်ကွဲမှုမဖြစ်ခင်ကတည်းက လူတွေက လက်လုပ်ဗုံး တွေ့ထားတာကြောင့် ပေါက်ကွဲတဲ့အချိန်မှာ လူအထိအခိုက် ဒဏ်ရာရတာမရှိခဲ့ပါဘူး။