ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာဆေးရုံကို ဇူလိုင် ၁၇ ရက်နေ့ ည ၉ နာရီကျော်လောက်က ကိုဗစ်-၁၉ လူနာလာပို့တဲ့ လူနာတင်ယာဉ်တွေကိုကို သေနတ်ကိုင် စစ်ကောင်စီတပ်တွေက ဝင်ခွင့်မပေးတာကြောင့် လှည့်ပြန်ခဲ့ရတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။
ကိုဗစ်လူနာတင်ဆောင်လာတဲ့ယာဥ်တွေကို ဆေးရုံထဲဝင်ခွင့်မပေးဘဲ ဂိတ်ပေါက်ဝမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်မှုတွေကြောင့် ကိုဗစ်-၁၉ အတည်ပြုလူနာတင်ဆောင်လာတဲ့ အရေးပေါ်လူနာတင်ယာဥ် ၁၀ စီးကျော်လောက် ဝင်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ပေးမဝင်ဘဲပြန်လှည့်ခဲ့ရတဲ့ အရေးပေါ်လူနာတင်ယာဥ်တွေမှာ လူနာတဲ့ပတ်သက်တဲ့ လွှဲစာနဲ့ အထောက်အထားအပြည့်အစုံ ပါလာပေမယ့် ကုသခွင့်မပေးခဲ့တာလို့ ဆိုပါတယ်။
ဝင်ခွင့်မရခဲ့တဲ့ ပရဟိတလူနာတင်ယာဉ်မောင်း ၁ ဦးက “အဲမှာ သေနတ်ကြီးတွေကိုင်ပြီး စောင့်နေကြတာ။ သခင်အားရ ကျွန်းပါးဝတဲ့ကောင်တွေ...၊ လက်မခံဘူးတဲ့၊ အများကြီးပဲ ambulance ကား အရေးပေါ်ကားတွေအများကြီးပဲ။ ဆေးရုံက လုံးဝလက်မခံပါဘူးတဲ့။ အဲမှာ လူနာတွေကို အိမ်ပြန်ခေါ်သွားရပါပြီ။” လို့ ပြောပါတယ်။