ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ကြံခင်းမြို့နယ်ပညာရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။
ဒီမနက် ၄ နာရီလောက်မှာ မြို့နယ်ပညာရေးမှူးရုံးနားဗုံးပေါက်ကွဲခဲ့ တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"ဗုံးက အစောကြီးပေါက်တာ အသံကတော့ တော်တော်ကျယ်တယ်။ အုန်းခနဲဆိုပြီး ကြားရတာ လူကြီးတွေတော့ သိလောက်မယ်''လို့ ဒေသခံတဦးကပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ပညာရေးမှူးရုံးအနီးမှာနေထိုင်တဲ့ နေအိမ်တချို့မှန်ကွဲတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ ပညာရေးမှူးရုံးနားကို ရဲနဲ့စစ်တပ်က မနက်ပိုင်းမှာ လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။