တယ်လီကျန်းမာ - ရေကြည်မြို့နယ် Page ကနေ ရေကြည်မြို့နယ်ရှိ ပြည်သူတွေကို ဇူလိုင် ၁၅ ရက်နေ့ကစတင်ပြီး Online ကနေ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အချိန်နဲ့တပြေးညီ ပေးနေတယ်လို့ သိရပါတယ်။
ဆေးရုံ၊ ဆေးခန်းသွားဖို့ ခက်ခဲတဲ့ ပြည်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ မေးမြန်းတာတွေကို CDM ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်းတွေက ဦးဆောင်ပြီး ကူညီဖြေကြားပေးနေတာလို့ ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သူက ပြောပါတယ်။
ရေကြည်မြို့နယ်မှာ ဇူလိုင် ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉၉ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိပြီလို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမျာ ကိုဗစ်တတိယလှိုင်းကာလ ကိုဗစ်ကူးစက်မှုနှုန်းနဲ့ သေဆုံးမှု မြင့်တက်နေတယ်လို့ သိရပါတယ်။