စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်အတွင်း လန်ပယ်ကျေးရွာအနီး စစ်ကောင်စီရဲ့ လက်နက်နဲ့ ကျောက်စိမ်းသယ်လာတယ်လို့ ယူဆရတဲ့ စက်လှေကို ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းမှာ ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ (SNA) က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို တိုက်ခိုက်မှုကြောင့် စက်လှေပေါ်ပါ စစ်ကောင်စီတပ်နဲ့ SNA တို့ ၁ နာရီလောက်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြိး စက်လှေသမားတစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။
ကျောက်စိမ်း နဲ့ လက်နက်တွေ သိမ်းဆည်းရမိတာမရှိသလို နှစ်ဖက်ထိခိုက်သေဆုံးတာလည်း မရှိဘူးလို့ SNA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။