Home
မြန်မာသတင်း
ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၁၅ ဦးသေဆုံး
DVB
·
July 15, 2021
215226295_1143467656137576_326164075103312182_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်းက တက်လာခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်ကို  ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ကြားဖြတ်တိုက်ခဲ့တာကြောင့် စစ်သား  ၁၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့တပ်ကို ဂေါ်လိုယန်ကျေးရွာ တံတားညီနောင်နား ဖုန်းတာဝါတိုင်အနီးမှာ ညနေ ၄ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

"ဖြစ်တာကတော့ နှစ်ဖက်အပြန်အလှန်ပစ်တာ အသံတွေကြားနေရတယ်၊ စစ် (..) တွေဘက်က ခန့်မှန်း ၁၅ ယောက်လောက်သေတာကြားတယ်''လို့ပြောပါတယ်။

ဖုန်းတာဝါတိုင်နားမှာ မိနစ် ၂၀ လောက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပိုင်း ကေအိုင်အေ ဘက်က တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းက စတင်ကာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုတွေပိုဖြစ်လာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024