ဧရာဝတီတိုင်းက မြောင်းမြ၊ ပုသိမ်နဲ့ သာပေါင်းမြို့တွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာပြီးနောက်ပိုင်း ဇူလို ၃ ရက်ကတည်း စတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
Saty at Home အမိန့်ထုတ်ပြန်ခဲ့ပေမယ့် ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းနဲ့ အတည်ပြုလူနာသေဆုံးမှုတွေ ဆက်လက်မြင့်တက်နေတာကြောင့် အပြင်ထွက်ခွင့် ကတ်ပြားတွေ ပြုလုပ်ဖို့စီစဥ်တာလို့ စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။
"ဒီလို Stay at Home ကြေညာ ထားပေမယ့် အရင်ကလို လူတွေက အပြင်ထွက်တာ လျော့ ကြမသွားဘူး။ အပြင်မှာ ပုံမှန်သွားလာနေကြတယ်။ အပြင်မှာထွက်တဲ့လူတွေကို လျော့စေချင်လို့ ခုလို ကတ်နဲ့ သွားလာခွင့်ပေးဖို့ စီစဥ်နေတာ''လို့ ပြောပါတယ်။
အပြင်ထွက်ခွင့်ကတ်တွေကို အန်အယ်လ်ဒီ အစိုးကလက်ထက်ကအတိုင်း အိမ်ထောင်စု ၁ စုကို တစ်ကတ်ပေးမှာဖြစ်ပြီး ဝန်ထမ်းတွေအတွက်နဲ့ စျေးဝယ်ကတ်တွေကိုတော့ သီးသန့်ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
အပြင်မှာ ပုံမှန်အတိုင်း သွားလာနေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ Mask မပါဘဲသွားလာသူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့နယ်အလိုက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ဖွဲ့ပြီး လုပ်ဆောင်သွား ဖို့ရှိတယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီ အစိုးကလက်ထက်က Stay at Home သတ်မှတ်ခဲ့တဲ့ မြို့နယ်တွေက ပြည်သူတွေကို Mask နဲ့ အပြင်ထွက်ကတ်မပါရင် ဒဏ်ရိုက်တာရှိပေမဲ့ ရလာတဲ့ ဒဏ်ကြေးငွေတွေနဲ့ Mask ဝေပေးတာတွေပြုလုပ်ခဲ့ပါတယ်။