ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မနက် ၈ နာရီကျော်လောက်က သာယာကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မနက်ပိုင်း လာပစ်သွားတာ ပစ်သွားပြီး မကြာဘူး ပေါက်ကွဲသံကြားရတာ။ အသံကတော့ တော်တော်ကျယ်တယ်၊ ထိခိုက်မှုရှိတာ မရှိတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက အရပ်ဝတ်တွေနဲ့ လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သာယာကုန်းကျေးရွာမှာ ပထမဆုံးဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဖားကန့်မြို့နယ်အတွင်း ဇူလိုင် ၇ ရက်နေ့ ညပိုင်းက အေးမြသာယာကျောင်းနား ဗုံးပေါက်ကွဲခဲ့သေးတယ်လို့ သိရပါတယ်။