မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးအနီးမှာ ဇူလိုင် ၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ပြီးနောက် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံးထဲကနေ သေနတ် ၅ ချက် ထက် မနည်း ရမ်းသတ် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံးအနီးတဝိုက်ကို စစ်တပ်နဲ့ရဲက လုံခြုံရေးတင်းကျပ်ထားပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူ ရှိ မရှိ မသိရသေးပါဘူး။
ကျိုက်ထိုမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဗုံးပေါက်ကွဲမှုနဲ့ သေနတ်ပစ်ခတ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။