မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲမှာ ဇူလိုင်လ ၆ ရက်နေ့မနက်ပိုင်းက PDF(ဆော)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး PDF အဖွဲ့ဝင်တစ်ယောက်နဲ့ ပြည်သူတစ်ယောက် ကျဆုံးခဲ့တယ်လို့ PDF (ဆော) အဖွဲ့ကနေ သိရပါတယ်။
ဆောမြို့နယ်ထဲမှာ ဇူလိုင် ၅ ရက်နေ့ကတည်းက အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် ဇူလိုင် ၆ ရက်နေ့မှာ တိုက်ဖြစ်ပွားနေနေတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေက နွားကျောင်းနေတဲ့ အပြစ်မဲ့ပြည်သူတစ်ယောက်ကို အကြောင်းမဲ့ ပစ်သတ်ပြီးတော့ နောက်တစ်ယောက်ကတော့ တိုက်ပွဲဝင်နေတဲ့ ပြည်သူတစ်ယောက် လက်နက်ကြီး ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေရဲ့ အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံရွာသားတွေဟာ ရွားလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။