အသံဗုံး ၁ လုံး စတင်ဖောက်ခွဲပြီး သတိပေးလိုက်သည့် နတ်မောက် PDF
DVB
·
July 6, 2021
မကွေးတိုင်း၊ နတ်မောက်မြို့မှာ ဇူလိုင် ၅ ရက် ည ၉ နာရီခွဲ ဝန်းကျင်လောက်က အသံဗုံး ၁ လုံးပေါက်ကွဲခဲ့ပါတယ်။
အ.ထ.က (၃) အောင်ဆန်းကျောင်းရှေ့က ရဲနဲ့ စစ်သားတွေရှိတဲ့ ကင်းအဖွဲ့ကို ဗုံးပစ်တိုက်ခိုက်တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသတွေဆီက သိရပါတယ်။
အခု ဗုံးပစ်တိုက်ခိုက်မှုကို နတ်မောက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (NPDF) က ပြုလုပ်ခဲ့တာဖြစ်ပြီး နတ်မောက် PDF အနေနဲ့စတင် နှုတ်ဆက်လှုပ်ရှားလိုက်ပြီဖြစ်ကြောင်း၊ ဒီနေ့ကစပြီး အထူးသတိထားနေကြဖို့ အကြမ်းဖက်စစ်အုပ်စုကို သတိပေးလိုက်ပါတယ်။