စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဇူလိုင် ၄ ရက် ညနေပိုင်းက ကောလင်း PDF နဲ့ KIA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကား ၂ စီး မီးလောင်ပြီး အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။
“စစ်ကူတက်လာတဲ့ အကြမ်းဖက်ယာဉ်တန်းကို KPDF နဲ့ KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကား ၂ စီး မီးလောင်သွားတယ်။ အဲဒီမှာပါလာတဲ့ စစ်သားတွေ အများပြား ဒဏ်ရာရတယ်၊ မနေ့ညကတည်းက အခုထိပစ်တုန်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးသုံးပြီး ပစ်ခတ်နေတယ်။ အခု ကျနော်တို့ ဒေသခံတွေ ရွာမှာမနေတော့ဘူး၊ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ကောလင်း PDF အခုချိန်ထိ ၂ ဦး ကျဆုံးတယ်လို့ သိရတယ်။ အခုထိလည်း ပစ်ခတ်နေတယ်၊ တိုက်ပွဲက ပြင်းထန်နေတော့ နှစ်ဖက်အကျဆုံးများနိုင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကောလင်းမြို့မှာ ကောလင်း PDF နဲ့ KIA တို့ ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲ အခုချိန်ထိ ဖြစ်ပွားနေပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။