စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေအကြား ဇူလိုင် ၂ ရက် ဒီနေ့မက် ၉ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ပန်းဆက်ဒေသခံပြည်သူတစ်ဦးက “ ကျနော်တို့ ကျေးရွာအနီးမှာ အရင်လတုန်းက တိုက်ပွဲဖြစ်လို့ ကြောက်တာနဲ့ရှောင်နေကြတာ။ တစ်ရွာလုံးဘဲဗျ။ အခုစစ်မဖြစ်လောက်တော့ဘူးအထင်နဲ့ ကျနော်တို့ ရှောင်နေတဲ့ မောက္ကတော်ဘက်ကနေ ကိုယ်ရွာကိုပြန်ကြတာ။ ရေလည်ကျွန်းအရောက်မှာ စစ်ကောင်စီတပ်တွေက ပန်းဆက်ရွာထဲကနေ လက်နက်ကြီးနဲ့ အသေပစ်တော့တာဘဲ။ အဲလိုလက်နက်ကြီးပစ်သံတွေလဲကြားရော ဒေသခံကာကွယ်ရေးတပ်တွေ ရေလည်ကျွန်းကို ရောက်လာပြီးနှစ်ဘက် ပစ်ခတ်တယ်” လို့င ပြောပါတယ်။
ပန်းဆက်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လပိုင်းကလာည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
အခုအခါ စစ်ကောင်စီတပ်က ပန်းဆက်ရွာမှာတပ်စွဲကာ ဒေသခံစစ်ဘေးရှောင်တွေကို ရွာထဲအဝင်မခံဘဲ လက်နတ်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရွာသားတွေကပြောပါတယ်။
ဒီကနေ့ မနက်ပစ်ခတ်မှုတွေမှာ နှစ်ဖက်ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။