ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့၊ နွယ်ချို ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ရှေ့မှာ ဇူလိုင် ၁ ရက် ညနေ ၆ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောပါတယ်။
“အဲဒီ အုပ်ချုပ်ရေးမှူးက စစ်ကောင်စီခန့်တဲ့ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ စစ်မူထမ်းဟောင်း ပေါ့။ ရပ်ကွက်အတွင်း မကြာခဏဆိုသလို ဧည့်စာရင်းစစ်လေ့ရှိတယ်။ အခု ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်လို့တော့ ပျက်စီးဒဏ်ရာရတာတွေ မသိရသေးဘူး။”
ပေါင်းတည်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတချို့ရဲ့ နေအိမ်တွေကို ပြီးခဲ့တဲ့လကတည်းက ပစ်ခတ်တိုက်ခိုက်ခံရမှုတွေရှိခဲ့ပြီး ကျန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။