စစ်ကောင်စီက မတရားဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၁၃ ဦးအပါအဝင် ၅၁ ဦး တောင်ငူအကျဉ်းထောင်ကနေ ဒီကနေ့ညနေ လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ တောင်ငူခရိုင်မှာ ပုဒ်မ ၅၀၅ (က) အပါအဝင် တခြားနိုင်ငံရေးပုဒ်မတွေနဲ့ တောင်ငူအကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး စစ်ကောင်စီက တရားစွဲဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဒီကနေ့ညနေပိုင်းက ပြန်လည်လွတ်မြောက်လာတာပါ။
တောင်ငူအကျဉ်ထောင်နဲ့ နီးစပ်သူတဦးက "အမှုကတော့ ၅၀၅(က) အများဆုံးပါ။ အမှုအစုံပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်းတွေပါပဲ။ မလွတ်သေးတဲ့ ရာနဲ့ချီတဲ့လူတွေ အထဲမှာအများကြီးကျန်သေးတယ်။ အခုထွက်လာတဲ့လူတွေအားလုံး သက်ဆိုင်ရာမြို့နယ်တွေရဲ့ ကွာရန်တင်းစင်တာတွေမှာ ၁၄ ရက် ဝင်ရပါဦးမယ်" လို့ ပြောပါတယ်။