ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ အလယ်ကုန်းကျေးရွာ၊ အ.မ.က အလယ်ကုန်းကျောင်းက အထွေအထွေလုပ်သား၊ စတုတ္ထတန်းသင်တဲ့ ကျောင်းဆရာတဦးကို စစ်ဆေးခဲ့ရာက ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် စာသင်ကျောင်းကို ၂ ပတ်ပိတ်ထားတယ်လို့ သိရပါတယ်။
အဲဒိကျောင်းဆရာနဲ့ ထိစပ်ခဲ့သူတွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်ဟာ သာယာဝတီခရိုင်အတွင်း ကိုဗစ် - ၁၉ ရောဂါပိုး ဒုတိယကူးစက်မှုအများဆုံး မြို့နယ်လည်းဖြစ်ပြီး မင်းလှမြို့မစျေးအား ပိတ်သင့်မပိတ်သင့်ကို သက်ဆိုင်ရာက ဆွေးနွေးနေတယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်မှာ ဇွန် ၂၉ ရက် ညနေပိုင်းအထိ ပိုးတွေလူနာ ၁၉၃ ဦးနဲ့ ဆေးရုံဆင်းခွင့်ရရှိသူ ၃၀ ဦးရှိတယ်လို့ မြို့နယ်ကျန်းမားရေးဌာနက သိရပါတယ်။