Home
မြန်မာသတင်း
မြစ်ကြီးနား ဗလမင်းထင်တံတား ဖြတ်သန်းချိန်ပြောင်းလဲ လုံခြုံရေးတင်းကျပ်
DVB
·
June 29, 2021
BaLaMinDin Bridge

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တိုက်ခိုက်ခံရပြီးနောက် တံတားဖြတ်သန်းချိန်ကို ပြောင်းလဲ လုံခြုံရေး တင်းကျပ်ထားပါတယ်။

တံတားကို မနက်ပိုင်း ၆ နာရီမှာ စဖွင့်ပြီး ည ၇ နာရီအထိသာ သွားလာခွင့်ရှိတယ်လို့ တံတားပေါ်မှာ  ဗီနိုင်းနဲ့ကပ်ပြီး ကြေညာထားတာတွေ့ရတယ်လို့  မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။ 

တံတားဖြတ်သန်းချိန်ကို  အရင်က မနက် ၅ နာရီမှ ည ၈ နာရီအစား  အခုလို အချိန်လျှော့ချ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

အခုလို ကန့်သတ်မှုကြောင့်  ဝိုင်းမော်မှ ဧရာ၀တီမြစ်တစ်ဘက်ကမ်းရှိ  မြစ်ကြီးနားဈေးကြီးသို့ ကုန်စိမ်းသွားရောင်းနေတဲ့ ဈေးသည်တွေ အခက်အခဲရှိနေတယ်လို့သိရပါတယ်။

“မနက် ၆ နာရီမှ တံတားဖွင့်တော့ ဈေးခင်းရောင်းတာတွေ နောက်ကျကုန်တယ်။ ပြီးတော့ သူတို့က ဆိုင်ကယ်တွေဆို တူးဘောက်ဖွင့် အရမ်းစစ်ဆေးတော့ သွားလာရခက်တယ်”လို့ ဒေသခံ ဈေးသည်တစ်ဦးက ပြောပါတယ်။

ဗလမင်းထင်တံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ဇွန်  ၂၃  ရက် ည ၈ နာရီလောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်  ကေအိုင်အေ တပ်မဟာ ၅  လက်အောက် တပ်ရင်း ၃ တို့က‌ ရှောင်တခင်၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့၀င်  ၂  ဦး ဒဏ်ရာရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024