Home
မြန်မာသတင်း
တရော်ကျင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၂၀ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂ ဦး ကျဆုံး
DVB
·
June 23, 2021
194610813_484735435935986_2198146733298397801_n
202989161_484679135941616_4053533041049022979_n
198937888_484735405935989_5255694163381302219_n
198796150_484735479269315_2835128381148408774_n
198669844_484679099274953_8195032946069299158_n
198659181_484735519269311_6688513013449521135_n
196694327_484735365935993_5978926120970291106_n
195150236_484735332602663_3773794464465811926_n

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ဆက် တရော်ကျင်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဘက်က အယောက် ၂၀ ထိခိုက်ကျဆုံးတယ်လို့ ပြည်သူကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ပြည်သူကာကွယ်ရေးအဖွဲ့ အကြီးအကဲတစ်ဦးက “တိုက်ပွဲအကျဆုံးကတော့ ကျနော်တို့ဘက်က ၂ ဦး ကျဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်ဗျ။ ဟိုစစ်ခွေးတွေဘက်ကတော့ ၂၀ ကျော်ကျဆုံးတယ်။ ကျနော်တို့ဘက်က ဒီကောင်တွေနဲ့ တိုက်ပွဲမဖြစ်အောင် လွတ်ရာကို ရှောင်တယ်။ ဒါပေမဲ့ဒီကောင်တွေက နယ်မြေရှင်းလင်းတယ်။ နယ်မြေရှင်းတယ်ပြောပြီး အပြစ်မဲ့ကျေးရွာသားတွေရဲ့ အိမ်တွေ၊ ပစ္စည်းတွေ ဖျက်ဆီးတယ်။ အခြေခံစားသောက်ကုန်တွေ ယူတယ်။ ပိုက်ဆံတွေ၊ ဒါအပြင် အဖိုးတန်ရွှေ ဒါတွေကိုပါ ယူတယ်။ အဲလိုမျိုး အပြစ်မဲ့ပြည်သူကို အနိုင်ကျင့် နှိပ်စက်နေတာကိုတော့ ကျနော်တို့က လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဒါကြောင့် ဒီနေ့ ဒီကောင်တွေကို ချတာ” လို့ DVB ကို အတည်ပြုပြောဆိုပါတယ်။

ဒီနေ့ တိုက်ပွဲဖြစ်တဲ့ ယင်းမာပင်ခရိုင်အတွင်းက တရော်ကျင်းကျေးရွာကို စစ်ကောင်စီတပ်က တပ်ကူအဖြစ် လာရောက်တဲ့စစ်သားတွေဟာ တစ်ရော်ကျင်းမရောက်ခင် ဘန်ဘွေးအုပ်စု ထန်းဇန်တောပြင်လို့ လူသိများတဲ့ကျေးရွာက လူနေအိမ်အချို့ကို မီးရှို့တာတွေပြုလုပ်ပြီး တရော်ကျင်းရွာမှာလည်း နေအိမ်တစ်လုံး ထပ်မံမီးရှိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024