Home
မြန်မာသတင်း
သိန္နီမြို့၌ ကိုဗစ်-၁၉ လူနာ ၂ ဦးတွေ့ရှိပြီးနောက် ဆေးရုံကို လော့ဒေါင်းချ
DVB
·
June 22, 2021
204666244_464366567944675_4207621444591332593_n

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီဆေးရုံကို ပထမဆုံး ပိုးတွေ့ လူနာ ၂ ဦး ရောက်ရှိလာပြီးနောက် ဇွန်လ ၂၁ ရက် ညနေပိုင်းမှ ဇွန်လ ၂၉ ရက်နေ့အထိ ဆေးရုံမှာ အသွားအလာကန့်သတ်ထား လော့ဒေါင်းချထားတယ်လို့    မြို့ခံတွေထံက သိရပါတယ်။

"ဟုတ်တယ်။ ဟုတ်တယ်။ ပိတ်ထားတယ်။ မနေ့ညနေကစ ပိတ်တယ်။ ဆေးရုံတက်နေတဲ့ အငြိမ်းစားဆရာမ တစ်ယောက် ဆီမှာပိုးတွေ့လို့  လားရှိုးဆေးရုံပို့ထားတယ်” လို့  သိန္နီမြို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုခေါင်းဆောင်က ပြောပါတယ်။

သိန္နီဆေးရုံက ဆရာဝန်အားလုံး ပိုးတွေ့ လူနာနဲ့ ထိစပ်လို့ ကွာရန်တင်းဝင်နေပြီး  ဆေးရုံကို လော့ဒေါင်းလုပ်ထားတာတာလို့ သန္နီအနှိုင်းမဲ့ ကုသိုလ်လူမှုကူညီရေးအသင်းက ကိုစိုင်းဖက ပြောပါတယ်။

အငြိမ်းစား ကျောင်းဆရာမတစ်ယောက်နဲ့  EPC ရုံးက ဝန်ထမ်း စာရေးမတစ်ယောက်  ကိုဗစ်-၁၉ ပိုးစစ်ဆေးတွေ့ရှိတာပါ။ 

"သူတို့ နေမကောင်းတာကြာမှ ဆေးရုံတက်တာ။ ဆေးရုံတက်တာ ကြာပြီကော။ ဆေးရုံတက်ရင်းနဲ့  လားရှိုးပို့လိုက်တဲ့အချိန်မှာ အဲပိုးတွေ့တာ။" လို့ ကိုစိုင်းဖက ရှင်းပြပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးရှိလူနာနဲ့ ထိတွေ့ခဲ့တဲ့  သိန္နီဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတွေကို ကွာရန်တင်း လုပ်ထားပြီး ပိုးတွေ့လူနာ‌တွေရဲ့ နေအိမ်တွေကိုလည်း  အသွားအလာကန့်သတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024