ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းရှိ အီဒ်ဂါဗလီမှာ ဇွန်လ ၂၁ ရက် ဒီမနက် ၂ နာရီလောက်က ဖြစ်တဲ့ မီးလောင်မှုကို မီးသတ်ဌာနက ပေါ့ဆမီးအဖြစ် သတ်မှတ်ပြီးနောက် ဗလီတာဝန်ရှိသူတွေထဲက နှစ်ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။
အီဒ်ဂါဗလီမီးလောင်ပြီး နာရီဝက်အကြာမှာ မီးသတ်တပ်ဖွဲ့ရောက်ရှိလာပြီး မကြာခင်မီး ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ ဗလီရဲ့ နံရံနဲ့ အမိုးသာကျန်ခဲ့တာပါ။
အဆိုပါမီးလောင်မှုကို မီးသတ်ဌာနက ဝါယာရှော့ခ်လို့ သတ်မှတ်ပြီး ဗလီက တာဝန်ရှိသူ ၂ ယောက်ကို အလုံရဲစခန်းက မီးပေါ့ဆမှုနဲ့ အမှုဖွင့်ထားကာ အာမခံပေးထားတယ်လို့ သိရပါတယ်။