ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်လာတာကြောင့် ဆိုင်ထိုင်စနစ်နဲ့ ရောင်းချနေတဲ့ စားသောက်ဆိုင်တွေအားလုံး ဇွန်လ ၁၉ ရက်ကစပြီး ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့သတ်မှတ်လိုက်ပါတယ်။
ဒါ့အပြင် မြို့ပေါ်နေရာ တချို့မှာလည်း အသွားအလာကန့်သတ် လော့ဒေါင်း ထပ်တိုး ချလိုက်ပြီလို့ လားရှိုး Covid - 19 Operation Team ကနေသိရပါတယ်။
ပိုးတွေ့လူနာ အခြေအနေကြောင့် လားရှိုး ဘူတာဈေးကြီးနဲ့ ဘူတာညနေပျံကျဈေးတွေကိုလည်း ဇွန်လ ၁၉ ရက်မှ ဇွန်လိုင်လ ၂ ရက်နေ့အထိ ၁၄ ရက်တိတိ ယာယီပိတ်ထားလိုက်ပါတယ်။
ထပ်တိုး ပိုးတွေ့လူနာတွေ တွေ့ခဲ့တဲ့ လားရှိုးမြို့မဈေး ကုန်းစိမ်းဘက်အခြမ်း ပန်းတန်း၊ ကျူလီယာတန်းနဲ့ စားသောက်တန်းတွေ ဖြစ်တဲ့ ကုန်စိမ်းရုံကိုလည်း ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ၁၄ ရက် Lockdown ချထားပါတယ်။
ယခု ရက်ပိုင်းအတွင်း အနံ့ပျောက်သူတွေ ပိုများလာပြီးအများစုကို RDT နဲ့ စစ်ဆေးချက်အရ ဇွန်လ ၁၈ ရက်နေ့ ၁ ရက်တည်း လားရှိုးမှာ ပိုးတွေ့လူနာ ၁၆ ဦး ထပ်တိုးလာခဲ့ပြီး PCR နဲ့ ထပ်မံ စစ်ဆေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇွန်လ ၈ ရက်မှ ဇွန်လ ၁၈ ရက်နေ့အထိ ပိုးတွေ့လူနာ လားရှိုးမြို့နယ်မှာ ၁၀၃ ဦးရှိပြီး လားရှိုး ရပ်ကွက် ၄ နဲ့ ၅ မှာ အများဆုံး တွေ့ရတာဖြစ်ပါတယ်။