စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းနား ရွာသစ်ကျေးရွာကို ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်လာပြီး အိမ်ဆိုင်တဆိုင်ကနေ ငွေနဲ့ပစ္စည်းတွေ ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တပ်က မုံရွာဘက်ကနေ အမြင့်ဘက်ကိုလာတာ။ ရွာထိပ်က ဆိုင်ရှေ့မှာ ကားရပ်ပြီး သေနတ်တွေဖောက်၊ ရွာထဲကိုဝင်ကြတယ်။ လူတွေက ကြောက်လို့ ရှောင်သွားကြရော။ ကားရပ်တဲ့ဆိုင်ကနေ ပိုက်ဆံ ကျပ် ၂ သိန်း၊ စားဆီ ၆ ပုံးနဲ့ ရေနံဆီ ပေပါပုံးတွေ ယူသွားတယ်" လို့ ပြောပါတယ်။
အဲဒီဆိုင်မှာလည်း မွှေနှောက်ဖျက်ဆီးသွားပြီး စစ်တပ်တွေ အမြင့်မြို့ဟောင်းမှာ လက်ရှိ တပ်စွဲနေတယ်လို့ သိရပါတယ်။