Home
မြန်မာသတင်း
သရက်မြို့တွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ
DVB
·
June 17, 2021
000000

မကွေးတိုင်းဒေသကြီး၊ သရက်မြို့က ကလေးအထူးကုဆရာဝန်ကြီးရဲ့ နေအိမ်နဲ့  စည်ပင် အမှုဆောင် အရာရှိနေအိမ်တို့မှာ  ဇွန်လ ၁၇ ရက် မနက်ပိုင်းက ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်၊ အောင်မင်္ဂလာကျောင်းလမ်းနဲ့ သိမ်ကြီးလမ်းထောင့် ​မှာရှိတဲ့ ကလေးအထူးကုဆရာဝန်ကြီးရဲ့အိမ်မှာ ဒီကနေ့မနက် ၅ နာရီ ၄၀ မိနစ်လောက်ကနေ အိမ်ဝင်းမြောက်ဘက်မှာ ရပ်ထားတဲ့ ကားအောက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်ပြီး ၁၀ မိနစ်လောက်အကြာမှာ မြောက်မင်းတည်းရပ်ကွက်၊ လမ်းမတော်လမ်းက စည်ပင်အမှုဆောင်အရာရှိရဲ့ နေအိမ် ဆင်ဝင်အောက်မှာလည်း  ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပေါက်ကွဲမှုတွေကြောင့် ကလေးအထူးကုဆရာဝန်ကြီးရဲ့ကားမှာ အနည်းငယ်ပျက်စီးသွားခဲ့ပေမဲ့ လူတွေထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ဝင်၊ မြို့ထွက်တွေမှာ ဆိုင်ကယ်နဲ့ ကားတွေကိုရပ်ခိုင်းကာ ရှာဖွေနေသလို နေအိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013