ကာမိုင်းမြို့အနီး မြေငလျင်လှုပ်
DVB
·
June 16, 2021
မြန်မာနိုင်ငံပြည်တွင်း ကာမိုင်းမြို့ အနီးမှာ ပြင်းအား အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ဇွန်လ ၁၅ ရက်ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မနေ့ည မြန်မာစံတော်ချိန် ၉ နာရီ ၁၆ မိနစ်ကျော်လောက်မှာ မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၄) မိုင်ခန့်အကွာ၊ ကာမိုင်းမြို့ မြောက်-အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာ အနက် ၂၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။