ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ အန်အယ်လ်ဒီ မြို့နယ်အလုပ်အမှုဆောင် ဦးစိုးတင့်ကို ဇွန်လ ၁၁ ရက် ညနေ ၃ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပါတယ်။
"သူအိမ်မှာ စစ်တပ်နဲ့ရဲက ဖမ်းသွားတာပါ။ အခုဆို အာဏာသိမ်းပြီး စစ်တပ်က မတရားအမှုဆင် ဖမ်းတာ ၈ ယောက်လောက်ရှိပြီး။ ဒလန်တွေကြောင့် ဖမ်းခံရတာ” လို့ ကြံခင်းမြို့ခံတစ်ဦးက ပြောပါတယ်။
ကြံခင်းမြို့နယ်မှာ အန်အယ်လ်ဒီမြို့နယ်အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌနဲ့ မြို့နယ်အလုပ်အမှုဆောင်တွေ၊ ရပ်ကျေးဥက္ကဋ္ဌတွေအပါအဝင် နိုင်ငံရေးတက်ကြွသူ ၈ ဦးလောက်လည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသမီးတစ်ဦး ပါဝင်ပါတယ်။
ကြံခင်းမြို့နယ်မှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ၁၂၄ တို့နဲ့အမှုဖွင့်ပြီး ဟင်္သာတ အကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။