နယ်သာလန်နိုင်ငံ၊ ဒန်းဟတ်မြို့မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုကို ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မတရားဖမ်းဆီးခံရသူတွေကို ချက်ချင်းလွှတ်ပေးဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရအား နယ်သာလန်နိုင်ငံက အသိအမှတ်ပြုပေးဖို့၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်ခံရတဲ့ အခြေအနေကို ကမ္ဘာကသိဖို့ ပြုလုပ်ရတာလို့ ဒီလှုပ်ရှားမှုမှာပါဝင်သူတွေက ပြောပါတယ်။
ဒီလှုပ်ရှားမှုကို နယ်သာလန်ရောက် မြန်မာအသိုက်အဝန်းနဲ့ နယ်သာလန်ရောက် မြန်မာသားတိုင်းရင်းသားတွေ (MENC-NL) တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။
ဒါ့အပြင် နယ်သာလန်နိုင်ငံသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး ဘာသာပေါင်းစုံ ဆုတောင်းတာ၊ ကြွေးကြော်သံတွေ ကြွေးကြော်တာနဲ့ ကမ္ဘာမကြေဘူးသီချင်း သီဆိုတာတွေပြုလုပ်ကြပါတယ်။