အာဏာသိမ်း စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ ဘေးရန်ကနေ ပြည်သူကို ကာကွယ်ဖို့အတွက် မော်လမြိုင်တော်လှန်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၁၂ ရက်မှာ ကြေညာလိုက်တာပါ။
မော်လမြိုင်တော်လှန်ရေးတပ်ဖွဲ့ဟာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မော်လမြိုင် လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
မော်လမြိုင်တော်လှန်ရေးတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒအတိုင်း လိုက်နာသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဒါအပြင်အပြစ်မဲ့ ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေကို အာဏာသိမ်း စစ်ကောင်စီနဲ့ လက်ပါးစေတွေ ကျူးလွန်နေတဲ့ လုပ်ရပ်တွေကို ရရာနည်းလမ်းနဲ့ ကာကွယ်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။
မော်လမြိုင်မှာတော့ မြို့ခံ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့၊ အခု မော်လမြိုင်တော်လှန်ရေးတပ်ဖွဲ့ အပါအဝင်တပ်ဖွဲ့ ၂ ခု ရှိလာပြီ ဖြစ်ပါတယ်။