တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ဇွန် ၁၁ ရက်မှာ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ပုဒ်မ ၁၄၄ အမိန့်အရ လောင်းလုံးမြို့နယ်အတွင်း လူ ၅ ဦးထက် ပိုစုခွင့် မရှိသလို၊ ညမထွက်ရအချိန်ကို ည ၈ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားပါတယ်။ ဒါအပြင် ပုဒ်မ ၁၄၄ အရ လောင်းလုံးမြို့နယ်အတွင်း စုဝေးတာ၊ ဟောပြောတာ၊ လှုံဆော်ဆန္ဒ ပြတာ၊ စီးတန့်လှည့်လည်တာတွေ မလုပ်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လောင်းလုံးဒေသခံတွေကတော့ အခုလို ပုဒ်မ ၁၄၄ အရ ထုတ်ပြန်လိုက်တာဟာ လောင်းလုံး မြို့နယ်ကို ဖိနှိပ်ဖို့ ပြင်ဆင်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို လက်မခံကြောင်း နေ့စဉ် ရက်ဆက် ဆန္ဒ ထုတ်ဖော်နေတဲ့ မြို့နယ် တစ်ခုလည်း ဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာတော့ ထားဝယ်မြို့နယ်အပါအဝင် မြို့နယ် အများစုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လောင်းလုံးမြို့နယ်ကိုတော့ အခုမှ ထုတ်ပြန်လိုက်တာပါ။