မကွေးမြို့ရှိ မကွေးတိုင်းပညာရေးမှူးရုံးအနီးမှာ ဇွန်လ ၁၁ ရက် မနက် ၇ နာရီကျော်လောက်က လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။
“တိုင်းဒေသကြီး ပညာရေးမှူးရုံးအနီးမှာ မနက် ၇ နာရီ ကျော်လောက်က လက်လုပ်ဗုံး ပေါက်ကွဲခဲ့ပြီးတော့ ပေါက်ကွဲအားမပြင်းထန်တာကြောင့် ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်တဲ့နေရာအနီးမှာ တိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီရုံး၊ စိုက်ပျိုးရေးရုံးတွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေ အများအပြား တည်ရှိတာဖြစ်ပါတယ်။
မနေ့က ဇွန်လ ၁၀ ရက် နေ့လည် ၁ နာရီလောက်မှာလည်း အကြမ်းဖက်စစ်ကောင်စီ တပ်တွေ လုံခြုံရေးယူထားတဲ့ မြင်းကင်းလမ်းနဲ့ သစ်တောလမ်းဆုံအနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးတွေရှိခဲ့ပါတယ်။