ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ဇွန်လ ၇ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တို့ အပြန်လှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
မာန်ပြေ အမှတ် ၃ စာသင်ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်ရှေ့မှာ ရှိနေတဲ့ ရဲ ၂ ယောက်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က မနက် ၇ နာရီခွဲလောက်မှာ လာရောက်ပစ်ခတ်ရာကနေ အပြန်လှန်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အပြန်လှန်ပစ်ခတ်မှုတွေ အပြီး အမည်မသိလက်နက်ကိုင်အဖွဲ့ ထွက်သွားချိန်မှာ ရဲ ၁ ယောက် ခါးကိုကျည်ထိမှန်ပြီး ဒဏ်ရာရတာတွေ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တချို့နဲ့ အရပ်ဝတ်တွေရောက်လာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။
သာကေတမြို့နယ်မှာ မေလ ၂၈ ရက်နေ့ညပိုင်းက ဇိနမာရ်အောင်ဘုရားဝင်းအတွင်းတပ်စွဲထားတဲ့ စစ်တပ်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။