Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့ ၌ ကျောင်းသားများကို ဖုန်းဆက်ခြိမ်းခြောက်ပြီး ကျောင်းတက်ခိုင်းနေ
DVB
·
June 6, 2021
Taung Twin Gyi BEHS 1

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အ.ထ.က (၁) ကျောင်းမှာ ကျောင်းအပ်ပြီး ကျောင်းမတက်တဲ့ ကလေးတချို့ရဲ့မိဘတွေဆီကို ဖုန်းဆက်ပြီး ကလေးတွေကို ကျောင်းတက်ခိုင်းဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသခံ ကျောင်းသားမိဘတွေက ပြောပါတယ်။

ကျောင်းသားမိဘတစ်ဦးက ''ကျနော့်ကလေးကို ကျောင်းသွားအပ်စဉ်က ဖုန်းနံပါတ်ပေးခဲ့ရတယ်။ ကလေးကို ကျောင်းအပ်ပြီး စိတ်မချလို့ ကျောင်းမတက်ခိုင်းတာ။ ယောက်ျားသံနဲ့  အ.ထ.က (၁) ပါဆိုပြီး ဖုန်းဝင်လာတယ်။ ကလေးကို ကျောင်းလွှတ်မှာလား၊ ရဲစခန်းသွားမှာလားလို့ မေးတယ်။ ကျနော်က အခုဖုန်းဆက်တဲ့သူရဲ့ အမည်နဲ့ရာထူး ပြောပါလားလို့ ပြန်မေးလိုက်တော့ ဖုန်းချသွားတယ်။ ကျနော့်အိမ်နားက ကျောင်းသားမိဘတွေဆီကိုလည်း ဖုန်းဆက်ပြီး အခုလို ခြိမ်းခြောက်ခံရတယ်လို့ သိရတယ်။ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်'' လို့ ပြောပါတယ်။

အ.ထ.က (၁) ကျောင်းမှာ အခုနှစ် ကျောင်းတက်တဲ့ ကျောင်းသား၊ ကျောင်းသူ  ဦးရေဟာ  အရင်နှစ်ထက် ၅ ပုံ ၁ ပုံတောင် မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024