မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးရွာက ဒေသခံပြည်သူ ၅ ယောက်ကို ဇွန်လ ၄ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချောင်းမကြီးရွာက ဒလန်တွေက သတင်းပေးတာကြောင့် မနက် ၄ နာရီလောက်က စစ်တပ်က ကား ၅စီးနဲ့ရောက်လာပြီးတော့ ရွာကိုဝိုင်းထားကာ သေနတ်တွေပစ်ဖောက်ပြီး ဒေသခံပြည်သူ ၅ ယောက်ကို ဖမ်းဆီးသွားတာလို့ ရွာသားတစ်ယောက်က ပြောပါတယ်။
ရွာထိပ်မှာနေတဲ့သူတစ်ယောက်ကို သူတို့ ဖမ်းချင်တဲသူတွေရဲ့ နေအိမ်ကို လိုက်ပြခိုင်းတာကို ငြင်းဆန်ခဲ့တာကြောင့် ရိုက်နှက်နှိပ်စက်ပြီး ဖမ်းသွားတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်စီးလာတဲ့ အဘိုးကြီး တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်က ဆိုင်ကယ် တားတာကို မကြားလိုက်တာကြောင့် ရိုက်နှက်နှိပ်စက်သွားပါတယ်။