Home
မြန်မာသတင်း
CDM ကျောင်းဆရာ ၂ ဦးကို ဖမ်းမမိသဖြင့် မိသားစုဝင်များကို ရိုက်နှက်ဖမ်းဆီး
DVB
·
June 4, 2021
191371180_3864982010291504_4895910312180764010_n

ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့အနီး ကျောင်းစိုးကျေးရွာမှာ ဇွန်လ ၃ ရက် ည ၁၁ နာရီလောက်က  CDM ကျောင်းဆရာ ၂ ဦးကို  ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးရာ မတွေ့တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ကျောင်းစိုးကျေးရွာက ဆရာနှစ်ဦးရဲ့ အဖေ၊ အမေနဲ့ ညီအပါအဝင် မိသားစုဝင် စုစုပေါင်း ၄ ဦးကို ဖမ်းဆီးသွားတာဖြစ်ပြီး အုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာက ဒလန် သတင်းပေးတာကြောင့် အခုလိုဖမ်းဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်စဉ် သေနတ်ပစ်ဖောက်တာနဲ့ မိသားစုဝင်တွေကို ရိုက်နှက်တာတွေရှိခဲ့တယ်လို့လည်း  ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း ပဲနွယ်ကုန်းမြို့မှာ သားဖြစ်သူကို မမိတာကြောင့် မိခင်ကို ဖမ်းဆီးခေါ်သွားခဲ့ပြီး ပုဒ်မ ၅၀၅ (က)  နဲ့ အမှုဖွင့်တရားစွဲဆိုတာကြောင့် အမှုရင်ဆိုင်နေရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024