Home
မြန်မာသတင်း
ရွှေကူမြို့ ရဲကင်းအနီး သစ်ခိုးခုတ်သဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး
DVB
·
May 31, 2021
191194038_943476236426331_2027112573696093148_n
188492320_943476116426343_1685476948022151819_n
186950393_943476333092988_42420198069214592_n

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ မေလ ၃၁ ရက်နေ့က ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်းမကြီးပေါ်ရှိ ရဲကင်းစခန်းအနီးမှာ တရားမဝင် ကျွန်းသစ်ခိုးခုတ်ကြလို့ ရွှေကူ ဓာတ်အားခွဲရုံကနေ ရှမ်းပြည်နယ် ငါးအိုးဓာတ်အားခွဲရုံကို သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းက ဓာတ်တိုင် ၅ တိုင်ထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

 ရွှေကူဒေသခံတဦးက  “ဒီနေ့ဖြစ်တာက တော်တော်ရုပ်ဆိုးတယ်ဗျ။ သစ်ခိုးတဲ့လူတွေအများစုက သစ်ကို ချိန်းဆောနဲ့ ဖြတ်ကြတာလေ။ အနည်းဆုံး ရဲကင်းစခန်းက တာဝန်ရှိသူတွေအနေနဲ့ ချိန်းဆောသံတော့ ကြားကိုကြားရတယ်ဗျ။ ရဲကင်းစခန်းနဲ့ အခု သစ်ခိုးခုတ်တဲ့နေရာက သိပ်နီးလွန်းတယ်လေ။ ကျနော်တို့ ရွှေကူမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဘာတွေ တိုးတက်လာလဲလို့ မေး‌ရင်တော့ လောင်းကစားဝိုင်းတွေနဲ့ အခုလို တရားမဝင် သစ်ခိုးခုတ်တာတွေကို  ပေါ်တင်လုပ်လာတာပဲ ရှိတယ်” လို့ပြောပါတယ်။

ရွှေကူမြို့မှာ အခုလို တရားမဝင် သစ်ခိုးခုတ်မှုတွေကို ပေါ်တင်လုပ်နေတာတွေကြောင့်  မြို့နယ်လျှပ်စစ်ဌာနနဲ့ ချိတ်ဆက်ထားတဲ့ ဓာတ်အားလိုင်းတွေ မကြာခဏ ပျက်စီးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024