Home
မြန်မာသတင်း
မြန်မာစစ်ဘေးသင့်ပြည်သူများအတွက် ဂျပန်ရောက်မြန်မာများ လက်ကမ်းစာစောင်ဝေ
DVB
·
May 29, 2021
189928980_4187349191322541_7740408923796481955_n
188613316_4187348777989249_3808446844630011060_n
188594992_4187348951322565_3588981851981414371_n
187635225_4187349247989202_2578093256401357977_n
187494297_4187348981322562_2422595574775345957_n
187425490_4187349084655885_4985566842484668248_n
187124149_4187349244655869_6845916845601301605_n
186544568_4187348901322570_2194536637577191058_n
186541721_4187349184655875_1621385050813521999_n

စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုကြောင့် စစ်ဘေးသင့်နေရတဲ့ ပြည်သူတွေကို အကူအညီပေးဖို့အတွက် မေ ၂၉ ရက်နေ့က တိုကျိုမြို့၊ ရှိဘူယဘူတာ၊ ဟချိကို ထွက်ပေါက်အနီးမှာ ဂျပန်ရောက်မြန်မာလူငယ်တွေက လက်ကမ်းစာစောင် ပေးဝေခဲ့ပါတယ်။ 

မနက်ပိုင်းနဲ့မွန်းလွဲပိုင်း နှစ်ကြိမ်ခွဲပြီး လက်ကမ်းစာစောင်ဝေတာနဲ့ အလှူ ငွေကောက်ခံတာကို လူငယ်တွေက ဆောင်ရွက်ခဲ့ပါတယ်။

လက်ကမ်းစာစောင်ဝေဖို့ လူစုတာကို သက်ဆိုင်ရာဂျပန်ရဲစခန်းဆီမှာ ခွင့်ပြုချက်တောင်းခံပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့အခက်အခဲကို နိုင်ငံတကာကသိအောင် လူငယ်တွေက ကြိုးစားပေးနေတာလည်းဖြစ်ပါတယ်။

လက်ကမ်းစာစောင်ဝေတာနဲ့ အလှူငွေကောက်ခံတာတွေကို  အပတ်စဉ်စနေနေ့တိုင်း ဂျပန်ရောက်မြန်မာလူ ငယ်တွေကဆောင်ရွက်နေတာဖြစ်ပြီး စစ်ဘေးသင့်ပြည်သူတွေ၊ CDM ဝန်ထမ်းတွေနဲ့ အခက်အခဲကြုံနေရတဲ့ပြည်သူတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024