ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကချင်စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေး နေအိမ်တွေ ဆောက်လုပ်ပြီးစီးပေမယ့် လုံခြုံရေးကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်ဒေသခံတွေဆီက သိရပါတယ်။
The Nippon Foundation (Japan) ရဲ့ ကူညီထောက်ပံ့ငွေနဲ့ ကချင်ခရစ်ယာန်အဖွဲ့ချုပ် KBC က တာ၀န်ယူ ဆောက်လုပ်ပေးတဲ့ ဂါးရားယာန်ကျေးရွာနဲ့ ကဇူးကျေးရွာက နေရပ်ပြန် စစ်ရှောင်အိမ်ထောင်စု ၁၈ ခုအတွက် နေအိမ်တွေကို KBC က မေ ၂၈ ရက်မှာ စစ်ရှောင်ဒေသခံတွေဆီ လွှဲအပ်ပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို နေအိမ်တွေ ဆောက်လုပ်ပြီး လွှဲအပ်ပေးခဲ့ပေမယ့် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် စစ်ရှောင်တွေ နေရပ်ပြန် နေထိုင်ဖို့ အခက်အခဲရှိနေသေးတယ်လို့ အမည်မဖော်လိုတဲ့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။