မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မေလ၂၇ ရက် ညပိုင်းက မိတ္ထီလာဆေးရုံရှေ့မှာ ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
"ဆေးရုံရှေ့မှာ ည ၉ နာရီလောက်က ပစ်ခတ်မှု ဖြစ်တယ်။ အိမ်စီးကားပေါ်က ပစ်သွားတာလို့ သိရတယ်။ ရဲတစ်ဦး ဒဏ်ရာရသွားတယ်။ ဆေးရုံပို့မလို့ လုပ်နေတုန်း သေဆုံးသွားတယ်။ မြို့ထဲနေရာ ၂ နေရာလောက်က သေနတ်သံတွေ ကြားနေရတယ်။ လေယာဉ်သံလည်း ကြားနေတယ်၊ ပစ်ခတ်ပြီး ထွက်ပြေးသွားသူကို အသည်းအသန်ရှာနေတာ ထင်တယ်"လို့ ပြောပါတယ်။
မိတ္ထီလာဆေးရုံကို မတ်လထဲက ရဲနဲ့စစ်တပ်က လုံခြုံရေးယူပြီး တပ်စွဲထားခဲ့ပါတယ်။