မန္တလေးမြို့မှာ မေ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်ပင်လယ်သပိတ်စစ်ကြောင်းနဲ့ မဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းတွေ နေရာခွဲ ဆန္ဒပြခဲ့ပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
ဒါအပြင် မန္တလေးမြို့ တနေရာမှာ မြတောင်သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။
ညနေပိုင်းမှာတော့ မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်း။ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ပြီး ပရိတ်ရွတ်၊ ဆုတောင်းမေတ္တာပို့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒါ့အပြင် မန္တလေးတကကသပိတ်စစ်ကြောင်းက မန္တလေးကျုံးအနီး ဆန္ဒပြခဲ့ပြီး မန္တလေးမြို့တစ်နေရာမှာ မန္တလေးမဟာမိတ်တပ်ပေါင်းစု ညနေဆည်းဆာ ဟွန်းသပိတ် ပြုလုပ်ခဲ့ပါတယ်။