Home
မြန်မာသတင်း
မြောင်မြို့နယ်၌ စစ်တပ်အင်အားထပ်ဖြည့်၊ ကျေးရွာများတွင် သစ်ပင်ခုတ်လမ်းပိတ်ဆို့မှုများရှိနေ
DVB
·
May 27, 2021
193306917_281405630435592_5097176860170585419_n
192976126_281399587102863_5897459421927019320_n
192028953_281405717102250_3012999134132181919_n
190954051_281398840436271_6596040579330162454_n
189906662_281405690435586_7218738211016516888_n

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ  မေ ၂၆ ရက်က ချောင်းဇင်းရွာနဲ့ ပေါက်ချောင်းရွာတို့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မေလ ၂၇ ရက်နေ့မှာ စစ်တပ်က အင်အားဖြည့်တင်းချထားလိုက်ပါတယ်။

ဒီနေ့မနက် ၁၀ နာရီ ၀န်းကျင်လောက်က  စစ်ကား ၃ စီး အင်အားအပြည့်နဲ့ မြောင်လမ်းခွဲကနေ ချောင်းဇင်းရွာဘက်ကို အင်အားဖြည့်တင်းဖို့ ဦးတည် ဝင်ရောက်လာ နေတယ်လို့ ဒေသခံတွေကထံက ပြောပါတယ်။

မြောင်မြို့နယ်အတွင်း ကားလမ်းဘေးရွာတွေမှာ သစ်ပင်တွေခုတ်လမ်းပိတ်ဆို့မှုတွေ ရှိနေသလို ကားလမ်းတွေ ဖျက်ဆီးခံထားရတယ်လို့လည်း  ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံရွာသားတစ်ဦးက “မနေ့က ချောင်းဇင်းမှာ ဖြစ်တဲ့ကိစ္စကြောင်​့ ကူးသန်းသွားလာရေး ခက်ခဲအောင် လုပ်ထားတယ် ထင်ပါတယ်။ သစ်ပင်ခုတ်ပြီး ကားလမ်းပေါ် လှဲထားတယ်။ လမ်းတွေကို ​မြောင်း လိုဖောက်ဖျက်ထားတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တယ်တော့ မသိဘူးဗျ။ လမ်းဘေးရွာ အတော်များများ အဲလို လမ်းပိတ်နေတာ” လို့ ပြောပါတယ်။

မနေ့က ချောင်းဇင်းမှာဖြစ်ပွားခဲ့တဲ့  တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက်  ၂ဝ လောက်သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024