မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်မြို့မှာ လာမယ့် ရက် သီတင်းပတ်တွေအတွင်း ဗုံးခွဲတိုက်ခိုက်မှုတွေ ပိုကြုံရဖို့ ရှိတယ်လို့ Nikkei Asia သတင်းမှာ ရေးပါတယ်။
မေလ ၂၅ ရက် တရက်တည်းမှာတင် ပေါက်ကွဲမှု ၅ ခု ဖြစ်ပွားခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်မှာ မင်္ဂလာလက်ဖွဲ့ ကနေ ဗုံးပေါက်ကွဲမှုကြောင့် သတို့သမီး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွက် တာဝန်ခံပြောဆိုမှု မရှိသေးပေမယ့်လည်း လူမှုကွန်ယက်က အတည်မပြုနိုင်တဲ့ သတင်းတွေအရ မင်္ဂလာစုံတွဲ သို့မဟုတ် မင်္ဂလာပွဲတက်ရောက်လာသူတချို့ဟာ စစ်တပ်ဘက်နဲ့ နီးစပ်တယ်လို့ ဆိုကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားနိုင်တဲ့ ရန်ကုန်မှာရှိတဲ့ အုပ်ချုပ်ရေးရုံးတွေနဲ့ ကျောင်းတွေမှာ တိုက်ခိုက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ Nikkei Asia သတင်းဌာနက သတင်းရင်းမြစ်တွေကို ကိုးကား ရေးသားထားပါတယ်။
လတ်တလောမှာ အိန္ဒိယနယ်စပ်နားက ချင်းပြည်နယ် မင်းတပ်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာ ထိုင်းနယ်စပ်နားက ကယားပြည်နယ်မှာလည်း စစ်ကောင်စီရဲ့တပ်ဖွဲ့တွေနဲ့ စစ်တပ်ကို ခုခံနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။