မင်းလှမြို့ ရေနံပိုက်လိုင်းအနီး ချိန်ကိုက်မိုင်း ၄ လုံးတွေ့ရှိ
DVB
·
May 26, 2021
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့မှာ မေလ ၂၆ ရက် ဒီနေ့ ရေနံပိုက်လိုင်းအောက်မှာ ချိန်ကိုက်မိုင်း ၄ လုံးတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက မန်းသံပုရာကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့စက်ရုံ(PIC)ဝင်းအတွင်း မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်း ၄ လုံးတွေရှိခဲ့တာဖြစ်တယ်လို့ မင်းလှမြို့ခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။
အဲဒီမိုင်းတွေ့ရှိတဲ့ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီးတော့ လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့ ကားတွေကို တားမြစ်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။